နိုင်ငံအဆင့်သစ်တောသယံဇာတစာရင်းကောက်ယူခြင်းလုပ်ငန်းများအပေါ် ဆွေးနွေးအကြံပြုချက် များရယူခြင်းအစည်းအဝေးကျင်းပ

နိုင်ငံအဆင့်သစ်တောသယံဇာတစာရင်းကောက်ယူခြင်းလုပ်ငန်းများအပေါ် ဆွေးနွေးအကြံပြုချက် များရယူခြင်းအစည်းအဝေးကို ၁၄-၁၁-၂၀၁၉ ရက်နေ့ (၁၀:၃၀)နာရီအချိန်၌ အင်းလျားလိတ်ဟိုတယ် ရန်ကုန်တွင် ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့် အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အတွေ့အကြုံရှိသည့် အငြိမ်းစား သစ်တောပညာရှင်များ၊ FAO မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ကြပါသည်။

date: 
Tuesday, November 19, 2019 - 14:30