နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၉.၄၈၂၂)တန်၊ သစ်မာ(၂၀၁.၀၄၃၃)တန်၊ အခြား (၂၀၉.၂၃၃၅)တန်၊ စုစုပေါင်း(၅၄၉.၇၅၉၀)တန်၊ တရားခံ(၅၉)ဦး၊ ယာဉ်/ယန္တရား(၄၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ကျောက်ကြီးချောင်းတောင်ကြောမှ တရားမဝင် တောင်သရက်သစ်လုံး/ခွဲသား (၉၉)လုံး/ချောင်း (၈၇.၅၂၇၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ် ပါသည်-

date: 
Wednesday, November 20, 2019 - 16:15