ကနီမြို့နယ်အတွင်း မော်တော်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ လက်ပံစုဆိပ်နှင့် မိုးကြိုးပြင်ဆိပ်အကြား ချင်းတွင်းမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား/လုံးပတ်၃ပေအောက်အင်သစ် (၈)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, November 22, 2019 - 13:30