တောင်ငူမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ငူမြို့နယ်၊ ခရိုင်ချင်းဆက်လမ်း၊ ထုံးဘိုကြီးအနောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ပိတောက်ခွဲသား (၁၄၈၀)ချောင်း (၉.၅၁၇၈)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, November 22, 2019 - 13:30