တန့်ဆည်မြို့နယ်၊ ကလေးဝ-ရေဦးကားလမ်း၊ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ ကလေးဝ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၃)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(3B/5920) (၁၀)ဘီး (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်သစ်ယာခွဲသား(၇၁)ချောင်း (၇.၇၁၃)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, November 26, 2019 - 10:15