သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား AFoCO RETC သင်တန်း ကျောင်းမှ Program Officer ဖြစ်သူ Mr Choi Ho မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၁၁-၂၀၁၉ ရက်နေ့ (၁၃:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား AFoCO RETC သင်တန်း ကျောင်းမှ Program Officer ဖြစ်သူ Mr Choi Ho မှ လာရောက်တွေ့ဆုံပြီး ၂၀၂၀ ခုနှစ်အတွင်း AFoCO RETC သင်တန်းကျောင်းဖွင့်လှစ်မည့်သင်တန်းများနှင့် သင်တန်းကျောင်းအနီး experimental forest တည်ထောင်မည့် အစီအစဉ်များ အစီရင်ခံခဲ့ပြီး၊ RETC သင်တန်း ကျောင်း လက်ခံတည်ထောင်သည့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး သစ်တောဦးစီးဌာနမှ လိုအပ်သည့်အကူအညီများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။

date: 
Friday, November 29, 2019 - 10:45