လွိုင်ကော်မြို့နယ်၊ ပွန်ချောင်းဘေးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၄၂၉)တပ်ရင်းမှ ဗိုလ်မှူး ဇော်ဝင်းအောင် ဦးစီးသော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ပွန်ချောင်းဘေးနေရာ၌ တရားမဝင် ကျွန်း/ပိတောက်/ပျဉ်းကတိုး/သစ်ယာသစ်/ခွဲသား (၁၄၈)လုံး/ချောင်း(၃၁.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 2, 2019 - 13:15