ကော့ကရိတ်မြို့နယ်၊ ကိုးတိုင်-လှိုင်ကွယ်လမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၁၁-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ်၊ ကိုးတိုင်-လှိုင်ကွယ်လမ်းခွဲနေရာ၌ မော်တော်ယာဉ် အမှတ် (BGO 1L/4039) ISUZU (၆)ဘီးအဖြူရောင်ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6N/7765) NISSAN(၆)ဘီး(အစိမ်းရောင်)ယာဉ်များနှင့်အတူတရားမဝင်ပျဉ်းကတိုး/တောင်ပိန္နဲခွဲသား(၅၂၃)ချောင်း (၈.၅၆၅)တန် အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, December 2, 2019 - 13:15