ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် သင်တန်း” (Potential Trainers for Myanmar on Community Based Enterprise Development Course)၏ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် အထူးသီးသန့် သင်တန်း အစီအစဉ်များအနက် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ “ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် သင်တန်း” (Potential Trainers for Myanmar on Community Based Enterprise Development Course)၏ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ဖွင့်လှစ်ပို့ချခဲ့သော ဆရာ ဖြစ်သင်တန်း၏ နောက်ဆက်တွဲအဖြစ် ကျင်းပသည့် ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေး နွေးပွဲဖြစ်ပြီး RECOFTC မှ Ms. Rejani Kunjappan က ဦးဆောင်ဆွေးနွေးခဲ့ပြီး AFoCO Secretariat မှ (၂)ဦး၊ သစ်တောဦးစီးဌာနမှ သင်တန်းသား(၅)ဦးနှင့် RECOFTC – The Centre for People and Forests မှ (၁)ဦး၊ MERN-Myanmar Environment Rehabilitation-conservation-Network(မြန်မာ)မှ (၁)ဦး၊ FOW-Friends of Wildlife မှ (၁)ဦး၊ စုစုပေါင်း(၁၁)ဦးတို့ဖြင့် ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။(၂၈-၁၁-၂၀၁၉)ရက်နေ့၌ အလုပ်ရုံဆွေးနွေးပွဲ၏ ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် ကော့မှူးမြို့နယ်၊ ကော့မှူကြိုးဝိုင်းအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဝါးစိုက်ခင်း (၁၂၅) ဧကသို့ သွားရောက်လေ့လာခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဝါးစိုက်ခင်း အသုံးပြုသူ အဖွဲ့ဝင် များ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဝါးစိုက်ခင်းများနှင့်စပ်လျဉ်းသည့် အခြေခံ အချက်အလက်များ မေးမြန်းခြင်း၊ တောင်ချောင် ကျေးရွာတွင် လုပ်ကိုင်ဆောင်ရွက်နေသော ဝါးလက်မှု လုပ်ငန်းများအား သွားရောက်လေ့ လာခြင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေတို့ကို အသေးစိတ်လေ့လာခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းအပေါ် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ကော့မှူးမြို့ နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကူညီလိုက်ပါ ဆောင်ရွက်ပေးခဲ့ကြပါသည်။

date: 
Tuesday, December 3, 2019 - 12:30