ကနီမြို့နယ်၊ မုံရွာ-ကလေးဝကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၃၀-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုံရွာ-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၄၇/၆) နေရာ၌ မော်တော်ယာဉ်အမှတ်(YGN 3E/1020) UD (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၈)ချောင်း(၂.၇၅၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, December 4, 2019 - 12:45