ပခုက္ကူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကိန္နရာတောင်၊ လေယာဉ်ပျံ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တရားမဝင်ကျွန်း/အင်/အင်ကြင်းခွဲသား(၄၄၅)ချောင်း (၁၂.၅၁၃၆) တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးတရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, December 4, 2019 - 12:45