သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား(Human Resource Development Scholarship by Japanese AID(JDS)၏ မြန်မာနိုင်ငံဆိုင်ရာ Chief Officer Mr. Junichi YAMAZAKI နှင့်အဖွဲ့မှာ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၄-၁၂-၂၀၁၉ ရက်နေ့ နံနက်(၀၉:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား Japan International Cooperation Center (JICE) ၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာပညာသင်ဆုအစီအစဉ်(Human Resource Development Scholarship by Japanese AID(JDS)၏ မြန်မာနိုင်ငံဆိုင်ရာ Chief Officer Mr. Junichi YAMAZAKI နှင့်အဖွဲ့မှာ လာရောက်တွေ့ဆုံ၍ JDS PROJECT လုပ်ငန်းများပိုမို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် သစ်တောဦးစီးဌာန၏ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များအား ဆွေးနွေးခဲ့ပါသည်။

date: 
Wednesday, December 4, 2019 - 14:45