ကလေးဝမြို့နယ်၊ ကလေးဝ- ယာကြီးကားလမ်း မိုင်တိုင်အမှတ်(၁၁၁/၂)မိုင်အနီးတွင် မော်တော်ယာဉ်(၁)စီး နှင့်တရားမဝင်သစ်များဖမ်းဆီးရမိ

၃-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ- ယာကြီးကားလမ်း မိုင်တိုင်အမှတ်(၁၁၁/၂)မိုင် အနီးတွင် မော်တော်ယာဉ်အမှတ်၊ (MDY 8H/7922) Canter (ဖြူနီကြား) (၆ဘီး)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂၃)ချောင်း (၂.၉၄၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, December 5, 2019 - 13:00