မံစီမြို့နယ်၊ ကောင်ရာရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၂-၁၂-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ကောင်ရာရပ်ကွက် မြို့ပတ်လမ်းပေါ်ရှိ မော်တော်ယာဉ်အမှတ်၊ (၄က/၄၇၆၃) (Dong Feng)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၂၁၇)ချောင်း (၁၇.၃၁၂၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, December 5, 2019 - 13:00