ဖြူးမြို့နယ်၊ မန္တလေး- ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၂-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်တို့မှ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖြူးမြို့နယ်၊ ဇေယျဝတီ (အနောက်)ဘိနယ်၊ မန္တလေး- ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၈/၂)တွင် မော်တော်ယာဉ်အမှတ်၊ (MDY 8J/4593) (Nissan Diesel Condor)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၃၅၅)ချောင်း (၄.၉၂၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, December 5, 2019 - 13:00