ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနား ကားလမ်းပေါ် ပဒုမ္မာကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၂-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနား ကားလမ်းပေါ် ပဒုမ္မာကျေးရွာအနီး မော်တော်ယာဉ်အမှတ်၊ (3A/8283) (Canter ဖြူပြာကြား ၆-ဘီး)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၆၀)ချောင်း (၃.၄၀၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, December 5, 2019 - 13:00