ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအခြေပြု စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးခြင်းဆိုင်ရာ ပုံမှန်သင်တန်း”(AFoCO Regular Training Course on “Facilitating Community- Based Enterprise)ဖွင့်လှစ်ကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် ပုံမှန်သင်တန်း အစီအစဉ်များအနက် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအခြေပြု စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးခြင်းဆိုင်ရာ ပုံမှန်သင်တန်း”(AFoCO Regular Training Course on “Facilitating Community- Based Enterprise)ကို (က) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးမှု အခြေခံ သဘောတရာများအား နားလည်လာစေရန် (ခ) ဒေသခံများ၏ တန်ဖိုးနှင့် ဒေသခံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေများကို ခွဲခြားသတ်မှတ်နိုင်ရေး ရေရှည်တည်တံ့ စေသော အသက်မွေးဝမ်းကျောင်း နည်းလမ်းများကို အသုံးချတတ် စေရန်၊ (ဂ) အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော သစ်တော ထွက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ဆန်းစစ်လေ့လာနိုင်ရန်နှင့် (ဃ)စီးပွားရေး လုပ်ငန်းများအတွက် တန်ဖိုးအဆင့်ဆင့် ပြောင်းလဲမှုဆိုင်ရာ သတ်မှတ်ဆောင်ရွက်နိုင်မှု နည်းလမ်းများကို အသုံးပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ကျင်းပလျက် ရှိပါသည်။အဆိုပါ သင်တန်းသို့ အဖွဲ့ဝင်နိုင်ငံပေါင်း (၈)နိုင်ငံမှ သင်တန်းသား/သူ စုစုပေါင်း(၂၀)ဦးနှင့် သင်တန်းဆရာများအဖြစ် AFoCO Secretariat မှ (၂)ဦး၊ RECOFTC မှ (၁)ဦးနှင့် မြန်မာ နိုင်ငံမှ (၂)ဦး၊ သင်တန်းဆရာ စုစုပေါင်း(၅)ဦးတို့ တက်ရောက်လျက်ရှိပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ တိုးချဲ့ပညာပေးရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးစိုးမြင့်သိန်းနှင့် AFoCO Secretariat မှ Mr. Choi Sung Ho ၊ Program Officer တို့က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ခဲ့ပါသည်။

date: 
Monday, December 9, 2019 - 13:45