လပွတ္တာမြို့နယ်၊ ပြင်ကနုဝကျေးရွာအနီးတွင် စက်လှေ(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၁၂-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့နယ်၊ ပြင်ကနုဝကျေးရွာအနောက်တောင်ဘက်(၃)မိုင်ခန့်အကွာ၊ ဘင်္ဂလားပင်လယ်အော်အတွင်း စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်း/ပိတောက်/တမလန်းခွဲသား (၄၀၀)ချောင်း (၂၃.၁၁၅၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 9, 2019 - 14:45