မြဝတီမြို့နယ်၊ အာရှလမ်းသင်္ဃန်းညီနောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၄-၁၂-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မြဝတီမြို့နယ်၊ အာရှလမ်းသင်္ဃန်းညီနောင်ပူးပေါင်း စစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (KYN 7G/1466) MITSUBUSHI FUSO (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်ထင်းရှူးခွဲသား (၂၀၅၂)ချောင်း (၁၀.၇၀၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, December 9, 2019 - 14:45