ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်း အကွက်အမှတ်(၁၀၇)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တည့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်း အကွက်အမှတ်(၁၀၇)အတွင်း တရားမဝင် ကျွန်းသစ်(၁၇)လုံး (၅.၈၂၂၀)တန်၊ ပျဉ်းကတိုးသစ် (၁၆)လုံး (၄.၉၂၀၀)တန်၊ အင်ကြင်းသစ်(၁၅)လုံး (၅.၀၁၈၀)တန်၊ စုစုပေါင်း (၄၈)လုံး (၁၅.၇၆၀၀) တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 9, 2019 - 14:45