ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်မြွေများ ဖမ်းဆီးရမိ

၇-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၅၁/၁)နှင့် (၅၁/၂)အကြားနေရာ၌ မော်တော်ယာဉ်အမှတ် (MDY 9J/9668) ALPHARD (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်လင်းမြွေ(အရှင်) (၈၅၉)ကောင်နှင့် လင်းမြွေ(အသေ)(၄၆)ကောင် စုစုပေါင်း(၉၀၈)ကောင် တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, December 10, 2019 - 14:30