တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်းနှင့် မြောင်သာချောင်းအနီးဝန်းကျင်တို့၌ တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၁၂-၂၀၁၉ ရက်နေ့မှ ၇-၁၂-၂၀၁၉ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်းနှင့် မြောင်သာချောင်းနေရာတို့၌ တရားမဝင်ကျွန်း/ပျဉ်းကတိုး/နှောသစ်/ခွဲသား/ခွဲခြမ်း(၂၀၆)လုံး/ချောင်း/ခြမ်း (၈၂.၈၅၅၂)တန်၊ တရုတ်နီ(၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, December 10, 2019 - 14:45