ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ CF နှင့် CFE ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ် များ ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၀-၁၂-၂၀၁၉ ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ CF နှင့် CFE ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ် များ ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ CFNWG အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ CFUG အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ပါသည်….

date: 
Wednesday, December 11, 2019 - 10:15