စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်းတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်း၊ မိုင်တိုင်အမှတ်(၂/၁)နှင့် (၂/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (MGY 4G/5162) Super Custom ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ထောက်ကြံ့ခွဲသား(၁၁၇)ချောင်း (၀.၉၉၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, December 12, 2019 - 12:45