မံစီမြို့နယ်၊ ကတော့တောင်ကြိုးပြင်ကာကွယ်တောအတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင် သစ်များ ဖမ်းဆီးရမိ

၁၀-၁၂-၂၀၁၉ ရက်နေ့တွင် ခမရ(၆၀၁)၊ တပ်ရင်းမှ ဗိုလ်ကြီးစန်းယု ဦးစီးသော စစ်ကြောင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကတော့တောင်ကြိုးပြင်ကာကွယ်တောအတွင်း၊ ဟန်ထက်-မံစီ-ဗန်းမော်ကားလမ်းမပေါ်တွင် မော်တော်ယာဉ်အမှတ် (KCN 1H/2908) တုန်ဖုန်း (အပြာရောင်) (၁၀)ဘီးယာဉ်နှင့် မော်တော်ယာဉ်အမှတ်(KCN 4C/1723) တုန်ဖုန်းအမျိုးအစား (၆)ဘီးယာဉ်တို့ပေါ်မှ တရားမဝင်ကညင်ခွဲသား (၉၁၄)ချောင်း (၂၀.၁၃၄၄)တန်အား တရားခံ(၅)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၊ မံစီမြို့နယ်သို့ လွှဲပြောင်းပေးအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, December 12, 2019 - 13:00