ကွန်ဟိန်းမြို့နယ်၊ နမ့်ပါမန်းကျေးရွာနှင့် ဝမ်တုံကျေးရွာကြားတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခမရ(၅၆၉) ခြေမြန်တပ်ရင်း၊ ကျိုင်းတောင်းမြို့မှ ဒုတိယဗိုလ်မှူးကြီးသီဟဇော် ဦးစီးသော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ နမ့်ပါမန်းကျေးရွာနှင့် ဝမ်တုံကျေးရွာကြားနေရာ၌ တရားမဝင်တမလန်း/ပိတောက်သစ်/ဓါးရွေ (၄၁၄)ချောင်း(၆၁.၇၁၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, December 12, 2019 - 13:00