သစ်တောနည်းဥပဒေ(မူကြမ်း)အား အကျိုးဆက်စပ်ပတ်သက်သူများသို့ ချပြအတည်ပြုချက် ရယူခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

သစ်တောနည်းဥပဒေ(မူကြမ်း)အား အကျိုးဆက်စပ်ပတ်သက်သူများသို့ ချပြအတည်ပြု ချက်ရယူခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၁၂-၁၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ Grand Amara Hotel, နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Thursday, December 12, 2019 - 15:30