လားရှိုးမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၇/၅)၏ အနောက်ဘက်(၄)မိုင်ခန့်အကွာ၊ နောင်ဖော့ကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း ယာဉ် (၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား/တမလန်းဓါးရွေ (၁၆၈)တုံး/ချောင်း (၉.၈၃၅၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, December 13, 2019 - 14:00