မဟာအောင်မြေမြို့နယ်၊ စစ်ကိုင်း-မန္တလေးကမ်းနားလမ်းဘေးမှ တရားမဝင် မျော ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေ မြို့နယ်၊ စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းဘေးမှ တရားမဝင် အင်/ထောက်ကြံ့/သစ်စေး/နဘဲ/တရော်/ဖန်ခါး မျော စုစုပေါင်း (၄၁၈၈)လုံးတို့နှင့်အတူ တရားခံ(၁၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။


date:
Friday, December 13, 2019 - 14:00
