လွိုင်ကော်မြို့နယ်၊ နမ့်ပွန်ချောင်းအရှေ့ဘက်မှ တရားမဝင် ပိတောက်သစ်များ ဖမ်းဆီးရမိ

၁၀-၁၂-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ခမရ(၄၂၉)၊ တပ်ရင်းမှ ဗိုလ်မှူး ဇော်ဝင်းအောင်ဦးစီးသော တပ်မတော်တပ်ရင်းအဖွဲ့၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ နမ့်ပွန်ချောင်းအရှေ့ဘက်မှ တရားမဝင် ပိတောက်သစ်/ခွဲသား (၄၁၅) လုံး/ချောင်း (၁၀၆.၉၃၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, December 13, 2019 - 14:00