တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားအား ၁၃-၁၂-၂၀၁၉ ရက်နေ့၊ (၁၄:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း(စီမံခန့်ခွဲရေး) တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့် ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ဥယျာဉ်/ဘေးမဲ့တောများမှ သင်တန်းနည်းပြများနှင့် သင်တန်းသားများ၊ သင်တန်းနည်းပြများတက်ရောက်ကြပါသည်။

date: 
Friday, December 13, 2019 - 15:30