စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာကြိုးဝိုင်းအကွက်အမှတ်(၃၊ ၄)တို့အတွင်း၌ တရားမဝင်အင်/သစ်ယာသစ်(၁၈)လုံး (၇.၀၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 10:15