ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ လေယာဉ်ကွင်း ဟောင်းနံဘေးအနီးတွင် တရားမဝင်သစ်စက်များနှင့် တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၁၂-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော မော်လမြိုင်-သထုံခရိုင်မှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ လေယာဉ်ကွင်း ဟောင်းနံဘေး၊ ကြာအင်းကွင်းနှင့် ကုလားသင်္ချိုင်းအနောက်နေရာတို့၌ တရားမဝင်တရုတ်နီအင်ဂျင်(22)Hp, (25)Hp, (10)Hp, (160)KG အင်ဂျင်(၄)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကတွတ်ခွဲသား(၉၉)ချောင်း (၁၆.၈၇၈၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 10:15