တောင်ငူမြို့နယ်၊ ခပေါင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၁၂-၂၀၁၉ ရက်နေ့မှ ၁၅-၁၂-၂၀၁၉ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ တောင်ငူမြို့နယ်၊ ခပေါင်ကြိုးဝိုင်းအကွက်အမှတ်(၁၂၉၊ ၁၃၀၊ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄၀)တို့အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်(၂၉၈)လုံး (၈၄.၁၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 10:30