ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာန အုပ်ချုပ်မှုအောက်ရှိ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅x၅၆ လမ်းကြား၊ ခိုင်ရွှေဝါလမ်းနှင့် ငုရွှေဝါလမ်းကြား၊ ကြူကုတ်လမ်း၊ အကွက်(H) ဦးပိုင်(၆၉/ခ)ရှိ နေအိမ်ခြံဝင်းအတွင်း တရားမဝင်တမလန်း/ပိတောက်ဓါးရွေ/ခွဲသား (၁၀၂)ချောင်း(၆.၈၉၃၆)တန်အား တရားခံ(၁)ဦအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 10:30