ပေါက်ခေါင်းမြို့နယ်၊ ထန်းတောကြီးရွာထိပ်အနီး တရားမဝင်သစ်များဖမ်းဆီးရမိ

၁၈-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ထန်းတောကြီးရွာထိပ် တံတား၏ညာဘက် (၁)ဖာလုံခန့်အကွာမှ တရားမဝင် ကျွန်း သစ်/ခြမ်း/ခွဲသား (၃၈)လုံး/ချောင်း (၇.၈၄၉၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 10:45