ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၁၂-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး သစ်တောဝန်ထမ်းများ၊ ခမရ(၄၀၈)တပ်ရင်းမှ ဗိုလ်ကြီးသန့်ဇင်အောင်ပါ တပ်မတော်သားများ၊ ခမရ(၄၀၉) တပ်ရင်းမှ တပ်ကြပ်ကြီးသဲအောင်ပါ တပ်မတော်သားများ၊ ခမရ(၄၁၀)တပ်ရင်းမှ ဗိုလ်ကြီးမျိုးကျော်မြတ်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာအနီးနေရာ၌ တရားမဝင် ကညင်/ကဒွတ်ခွဲသား (၁၉၇)ချောင်း (၃၅.၈၉၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 10:45