အင်းတော်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ စဉ့်ခိုးကျေးရွာအနီး (၁)မိုင်ခန့်အကွာ၊ အောက်တောကြိုးဝိုင်းအကွက်အမှတ်(၁၈၊၂၀)နှင့် သက်ခါးကျေးရွာအနီး၊ နမီးတိုးချဲ့ ကြိုးဝိုင်းအကွက်အမှတ်(၁၅)နေရာတို့မှ တရားမဝင် ကျွန်း/အင်သစ်/ လုံးပတ်၃ပေအောက် ကျွန်းသစ် စုစုပေါင်း (၉၄)လုံး (၁၄.၆၄၆၀)တန်၊ အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 14:00