ပခုက္ကူမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ရှောင်လမ်းမှ မော်တော်ယာဉ်အမှတ် (MDY-7B/3332) (Nissan Diesel (၆)ဘီး နီညိုရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၆၅)ချောင်း (၇.၈၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 14:00