ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အစပ်မှ တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အစပ်၊ ဘိုင်းဒါးရေပိုလွှဲဆည် ရှင်းလင်းဆောင်နောက်ဘက်ချောင်းဘေးမှ တရားမဝင် ကျွန်းခွဲသား (၅၂)ချောင်း (၄.၃၁၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 14:00