စဉ့်ကူးမြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သပိတ်ကျင်းတပ်နယ်၊ အမှတ်(၁၃)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူး ငြိမ်းချမ်းစိုး ဦးဆောင်သောအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ်၊ လုံခြုံရေးစနစ်မကောင်းသည့် ဒေသအခေါ် မြစ်ကလေးရိုးအနောက်ဘက် အောက်မတ္တရာကြိုးဝိုင်းအကွက်အမှတ်(၁)နေရာမှ တရားမဝင် ထောက်ကြန့်/အင်/သစ်ယာ/ပျဉ်းကတိုး/ ယင်းမာ/အင်ကြင်းသစ် (၂၀)လုံး (၉.၆၀၀၀)တန်၊ လုံးပတ်၃ပေအောက် ပျဉ်းကတိုးသစ် (၁)လုံး (၀.၁၇၄၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, December 23, 2019 - 14:00