သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ (ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပပြုလုပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်း အနားကို ၂၃-၁၂-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FAO FRA 2015 အရ (၄၂.၉၂)ရာခိုင်နှုန်းရှိကြောင်း၊ ရာသီဥတု ပြောင်းလဲမှုလျော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်အရ ကြိုးဝိုင်း/ကြိုးပြင် (၃၀)ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်း ရေးနယ်မြေ (၁၀)ရာခိုင်နှုန်းရောက်ရှိရန် ရည်မှန်းထားပြီး စုစုပေါင်း ဧက(၄၀)ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစိုးရသစ်မတက်မီ ကြိုးဝိုင်း/ကြိုးပြင် (၈၂၄)ခု၊ ဧကအားဖြင့်(၂၉၅၉၈၆၉၀.၂)သန်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၃၀) ရက်နေ့အထိ ကြိုးဝိုင်း/ကြိုးပြင် ဧရိယာ(၁၂၄၉)ခုရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ ပယ်ဖျက်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော (၆၃၈၈၈၇.၈၆)ရှိပြီး အစိုးရသစ်လက်ထက်တွင် ပယ်ဖျက်ပြီး စုစုပေါင်းဧက (၆၅၄၅၅၀.၄၃)ဖြစ်ပြီး (၁၉၈၅-၂၀၁၁)အထိ ဖျက်သိမ်းပြီး ဧက(၁၀၂၁၀၈၈.၅၈)သန်း၊ ဧကပေါင်း(၁)သန်း (၆)သိန်းကျော် ပယ်ဖျက်ခဲ့ကြောင်း၊ မြေလွတ်မြေရိုင်းများတွင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောဖွဲ့စည်းရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ညှိနှိုင်းချက်ထားရှိပါကြောင်း၊ တောထူထပ်သော၊ တောကောင်းသောနေရာများကို ဦးစားပေး တင်ပြရန် လိုအပ်ကြောင်း၊
စပိန်နိုင်ငံတွင် ကျင်းပသည့် (၂၅)ကြိမ်မြောက် ကုလသမ္မက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ညီလာခံ၌ နိုင်ငံတကာအကြီးအကဲများမှ ပြောကြားရာတွင် သစ်တော ပြုန်းတီးမှု၊ သစ်တောဖုံးလွှမ်းမှု၊ သစ်တောခုတ်ထွင်ရှင်းလင်းမှုများ များပြားလာမှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုဖြစ်ကြောင်း၊ တောမီးလောင်ခြင်း၊ သစ်ထုတ်ခြင်း၊ သစ်ခိုးထုတ်ခြင်းများအား မထိန်းသိမ်း နိုင်လျှင်လည်း ကမ္ဘာကြီးပူနွေးလာသည်မှာ ကြောက်စရာကောင်းကြောင်း၊ သစ်တောများကို ပြုစု ထိန်းသိမ်းစောင့်ရှောက်ရန်အရေးကြီးကြောင်း၊ စက်မှုလုပ်ငန်းများ၏ အခိုးအငွေ့များကြောင့်လည်း ကမ္ဘာကြီးပူနွေးလာမှုဖြစ်ပွားနိုင်ကြောင်း၊ သစ်တောဖုံးလွှမ်းမှုကျဆင်းပါက တိုင်းပြည်၏ ပုံရိပ်၊ ဝန်ကြီးဌာန၏ ပုံရိပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ ပုံရိပ်ကို များစွာအကျိုးသက်ရောက် မှုရှိကြောင်း၊
မိုးမကျမီ သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ပျိုးပင်ပေါင်း(၁၃)သန်းနီးပါးရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှလည်း စည်းရုံးရေးဆင်းပြီး ပျိုးပင်များရှင်သန်အောင် စိုက်ပျိုး ပေးရန်ပြောကြားလိုပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ မှ စိုက်ပြီးသည့်အပင်များအား ပြန်ဖာပေးရန်နှင့် ၂၀၂၀ တွင် ယခုထက်ပိုမိုစိုက်ပျိုးနိုင်အောင် စီမံပြီး စိုက်ပျိုးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တစ်ဖက် တွင်လည်း ကြီးပွားတိုးတက်ရန်အတွက် စိုက်ပျိုးနေရုံနှင့်မပြီး တစ်ဖက်တွင်လည်း သစ်ထုတ်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ လူဦးရေ(၈၃)ရာခိုင်နှုန်းသည် သစ်တောကိုမှီပြီးနေရပါကြောင်း၊ သစ်မ ထုတ်လျှင်ခိုးမည်ဖြစ်ကြောင်း၊ တရားဝင်ပြည်ပကိုရောင်းခြင်းဖြင့်လည်း နိုင်ငံအကျိုးစီးပွားရရှိမည် ဖြစ်ကြောင်း၊
အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သစ်တောဧရိယာအကောင်းဆုံး၊ အများဆုံးဖြစ်ပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ တွင် Plan အတိုင်း ပြန်ထုတ်သင့်ကြောင်း၊ (၄)နှစ်တာကာလအတွင်း ကြိုးဝိုင်း /ကြိုးပြင်ကာကွယ်တောမှာ ကျန်ခဲ့သည့် (၂၈)နှစ်ထက် ၂ဆရှိပါကြောင်း၊ အစုအဖွဲ့ပိုင်သစ်တောသည် နှစ်(၃၀)အတွင်း ဆောင်ရွက်ရန် လျာထားချက်(၂.၂၇)သန်းရှိပြီး ယခုဆောင်ရွက်ပြီးမှာ (၂၈)ရာခိုင်နှုန်း ရှိပါကြောင်း၊ တည်ထောင်ပြီးဧရိယာ (၆၅၃၉၉၉) ဧကဖြစ်ပါကြောင်း၊ အစုအဖွဲ့ပိုင်သစ်တောများ အနေဖြင့် အစိုးရသစ်မတက်မီ အဖွဲ့(၂၀၆၅)ဖွဲ့ရှိပြီး၊ အစိုးရသစ်လက်ထက်တွင် (၂၈၆၆)ဖွဲ့ရှိ၍ စုစုပေါင်း (၄၉၃၁)ဖွဲ့ ရှိပါကြောင်း၊ အစုအဖွဲ့ပိုင်သစ်တောများ များလာသည့်အခါ အမှားအယွင်းများ ရှိလာနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ်မှ သန်း(၂၀၀)ချေးရန် ဆောင်ရွက်နေကြောင်း၊ သတ္ထုတူးတာနှင့် ပတ်သက်၍လည်း သစ်တောဥပဒေပုဒ်မ(၁၆)တွင်ပါရှိသည့်အတိုင်း သတ္ထုတူးဖော်ရေးလုပ်ငန်းများ ကိုလည်း တူးခွင့်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏သယံဇာတ ရရှိရန် သစ်တောစိုက်ခင်းများလည်း ပြန်လည်ထူထောင်ရမည်ဖြစ်ကြောင်း၊
တရားမဝင်သစ်များ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍လည်း (၂၀၁၆-၂၀၁၉)အစိုးရသစ်လက်ထက် နိုဝင်ဘာအထိ တရာမဝင်သစ် ဖမ်းဆီးမှု (၄၅)လတာကာလတွင်း(၁၆၅၅၁၁.၃) တန်၊ တရားခံပေါင်း ( ၂၃၆၁၀) ဦး၊ နိုင်ငံခြားသား(၅၉) ဦး၊ ယာဉ်ယန္တရား(၁၁၀၄၅) စီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ( အောက်တိုဘာမှ နိုဝင်ဘာ ထိ) တရားမဝင်သစ် ဖမ်းဆီးမှု (၄၄၃၄.၂၉၄၇) တန် ၊ တရားခံ (၅၆၃)ဦး၊ ယာဉ်ယန္တရား(၃၅၇) စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊
မြန်မာ့သစ်လုပ်ငန်းသည် ငွေရှာပေးသည့် ဌာနဖြစ်ကြောင်း ၊ သစ်ထုတ်လျှင်လည်း တောကောင်းအောင်ပြုစုရမည်ဖြစ်ကြောင်း၊ မြန်မာ့သစ်လုပ်ငန်းတွင် သစ်စက်များရှိပြီး စီစစ်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးသင့်သည်ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သဘာဝအခြေပြု စခန်းများလည်း တိုးလာကြောင်း၊
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ပတ်သက်၍လည်း သစ်တောသစ်ပင် အဆုတ် အယုတ်မရှိဘဲ တိုးပွားအောင် စိုက်ပျိုးပေးနိုင်သည် ဖြစ်ကြောင်း၊ ပဲခူးရိုးမ စိမ်းလန်း စိုပြည်ရေးအား နိုင်ငံတော်အတိုင်ပင်ခံကပင် ချီးကျူးကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် လည်း ရှိသင့်သည့် ဝန်ထမ်းအင်အားရှိလာပါကြောင်း ပြောကြားပါသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ပြည်နယ်/ တိုင်းဒေသကြီးတို့မှ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာများမှ အရာရှိကြီး များ တက်ရောက်ကြပါသည်။

date: 
Tuesday, December 24, 2019 - 10:00