ကျွန်းလှမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မယားသာကျေးရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာနှင့် သစ်ချို ကျေးရွာ၏အနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင် သစ်/ခွဲသား (၃၃၁)လုံး/ ချောင်း (၁၃.၈၅၇၂)တန်၊ လုံးပတ်၃ပေအောက်အင်သစ် (၂၆)လုံး (၃.၀၇၈၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, December 24, 2019 - 14:15