ဘောလခဲမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စရဖ ဗိုလ်ကြီး မျိုးသန့်ဇင် ဦးဆောင်သောအဖွဲ့၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘောလခဲမြို့နယ်၊ ခရိုင်/ထွေအုပ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ မော်တော်ယာဉ်အမှတ် (KYH/Q/5151) (HINO (၆)ဘီးအစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင် အင်/အင်ကြင်း/သစ်ယာ ခွဲသား (၇၅)ချောင်း (၁.၆၀၉၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, December 24, 2019 - 14:30