မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်တည်တံ့စေရေး စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း (GEF-5) ဘုတ်အဖွဲ့၏ ဆဌမအကြိမ်အစည်းအဝေး” ကျင်းပပြုလုပ်

သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) နှင့် သားငှက်ထိန်းသိမ်း ရေးအဖွဲ့(WCS) တို့သည် ၂၃-၆-၂၀၁၅ ရက်နေ့မှ ၂-၆-၂၀၂၀ ရက်နေ့အထိ (၅)နှစ်သက်တမ်းရှိ Project Document အား လက်မှတ်ရေးထိုး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Global Environmental Facility-GEF) ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်တည်တံ့ရေး စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။စီမံကိန်းလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် ကြီးကြပ်နိုင်ရန် အတွက် မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်တည်တံ့စေရေး စီမံ အုပ်ချုပ်မှုမြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း (GEF-5) ဘုတ်အဖွဲ့၏ ဆဌမအကြိမ်အစည်းအဝေးကို ၁၆-၁၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘုတ်အဖွဲ့အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ UNDP နှင့် WCS တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အစည်း အဝေးတွင် အောက်ပါတို့အား ဆွေးနွေးခဲ့ကြပါသည်-
(က) ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ၊ အတည်ပြုပြဋ္ဌာန်းနိုင်ရေး လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးရန်၊
(ခ) စီမံကိန်းပြီးစီးရန် အချိန်နီးကပ်နေပြီဖြစ်သဖြင့် စီမံကိန်းရလဒ်များအား စီမံကိန်းပြီးစီးပါက ဆက်လက်တည်တံ့စေရန် Project exit Strategy ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်
(ဂ) နတ်မတောင်အမျိုးသားဥယျာဉ်တွင် အောက်ချင်းငှက်ထိန်းသိမ်းရေးလုပ်ငန်း များအား ကူညီပံ့ပိုးပေးရန်၊
(ဃ) ထမံသီဘေးမဲ့တောပတ်ဝန်းကျင်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော များ တည်ထောင်နိုင်ရေး ကူညီဆောင်ရွက်သွားရန်။

date: 
Friday, December 27, 2019 - 14:00