မြန်မာ-အိန္ဒိယ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ ထိန်းချုပ်ရေးအဖွဲ့များ၏ စတုတ္ထအကြိမ် Nodal Points အစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ (MoU) အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် Wildlife Crime Control ကိစ္စအား ထည့်သွင်းခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မည့် Nodal Point များ သတ်မှတ်ကာ Nodal Points အစည်းအဝေးများကို အလှည့်ကျ ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ အင်္ဂါနေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ သစ်တောဦးစီးဌာနတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါသည်
၂။ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်(၁၀)ဦး၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၊မြန်မာနိုင်ငံ အစီအစဉ်မှ ကိုယ်စားလှယ်(၁)ဦး၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (WWF)၊ မြန်မာနိုင်ငံအစီအစဉ်မှ ကိုယ်စားလှယ်(၂)ဦး၊ အိန္ဒိယနိုင်ငံ၊ Ministry of Environment၊ Forests and Climate Change မှ ကိုယ်စားလှယ်(၂)ဦးနှင့် အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့မှ ကိုယ်စားလှယ်(၁)ဦး စုစုပေါင်း(၁၆)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
၃။ အစည်းအဝေးတွင် အောက်ပါလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်-
(က) ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊
( ခ) အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှုနှင့် တရားခံဖမ်းဆီးရမိမှု သတင်း အချက်အလက် များ မျှဝေခြင်း၊
( ဂ ) အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ စစ်ဆေးရေးဂိတ်များတွင် တရားဥပဒေစိုးမိုးရေး နှင့် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊
(ဃ) မြန်မာနိုင်ငံတွင် ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည့် ကျားသားရေ မှတ်တမ်းဓာတ်ပုံ များ မျှဝေခြင်း၊
( စ ) နံသာနီသစ် မျိုးခွဲခြားခြင်း လုပ်ထုံးလုပ်နည်းများအား မျှဝေခြင်း။

date: 
Friday, December 27, 2019 - 14:15