နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၉၄.၇၇၅၂)တန်၊ သစ်မာ(၁၅၅.၄၆၈၇)တန်၊ အခြား (၂၆၈.၉၉၇၇)တန်၊ စုစုပေါင်း(၆၁၉.၂၄၁၆)တန်၊ တရားခံ(၅၀)ဦး၊ ယာဉ်/ယန္တရား(၆၀)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘားကျေးရွာအနီးမှ တရားမဝင် ကညင်/ကဒွတ်ခွဲသား (၁၉၇)ချောင်း (၃၅.၈၉၂၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Friday, December 27, 2019 - 15:45