ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၊ ထန်းကန့်လန့်ချောင်းဘေးတွင် တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၁၂-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၊ ထန်းကန့်လန့်ချောင်းဘေးနေရာ၌ တရားမဝင်ဂျင်ဒေါင်းအင်ဂျင်(၁)လုံးပါ သစ်စက် ဆက်ပစ္စည်းများနှင့်အတူ တရားမဝင်သစ်ပုတ်သစ်/ခွဲသား (၁၄၀)လုံးချောင်း(၂.၃၇၆၃) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 2, 2020 - 12:45