မဘိမ်းမြို့နယ်၊ နမ့်လိုင်ကြိုးဝိုင်းအတွင်း တရာမးဝင်သစ်စက်(၂)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၇၆)မှ ဗိုလ်ကြီးမင်းသိန်းခန့်ပါ တပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်လိုင်ကြိုးဝိုင်းအကွက်အမှတ်(၉)အတွင်း တရားမဝင် Chang Chai (၃၂)ကောင်အင်ဂျင်၊ JIENENG (၂၂)ကောင်အင်ဂျင်ပါဝင်သော သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/သစ်ယာသစ်/ခွဲသား (၄၄၁)လုံး/ချောင်း (၁၇.၄၈၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 2, 2020 - 12:45