လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ ရေပူစစ်ဆေးရေးစခန်းရှောင်ကွင်းလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ ရေပူစစ်ဆေးရေးစခန်းရှောင်ကွင်းလမ်း၊ ပန်စုံကျေးရွာအရှေ့ဘက်နေရာ၌ မော်တော်ယာဉ် အမှတ် (MDY 7F/4915) MARK II (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်း/ပိတောက်ဓါးရွေ (၃၀)ချောင်း (၀.၃၂၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 2, 2020 - 12:45